Unreleased Song တွေ လို့ ပြောရင်လည်း ရပါတယ်..
စီးရီးအနေနဲ့ ရှာဖွေလို့ မလွယ်ကူတာလေးတွေ ကို ပေးမှာပါ..
ဦးဆုံး ကိုလေးဖြူ သီချင်းလေးတွေ စတင်ဝေမျှပါ့မယ်.....
တိမ်ဖုံးတဲ့လ ဆိုတဲ့ သီချင်းလေးပါ.. you tube ကနေ ကျနော်လည်း တွေ့ရင်း MP3 အဖြစ် အကောင်းဆုံး ဖန်တီးပေးလိုက်ပါတယ်လေ...
lyric လေးတွေကိုလည်း အချိန်ပေးရေးပေးလိုက်ပါတယ်...
နားထောင်ကြည့်ရင်း နှစ်သက်ရင် ဆွဲသွားပါတော့.......။
ည အိပ်ပျက်ညတွေ များပြီ
ဘယ်လို အိပ်ရမလဲ
မဖြစ်သေးဘူး
ဘယ်လို လုပ်ရမလဲ
ပြောစမ်းပါ
မင်းအကြောင်းတွေးရင် အိပ်မရဘူး အမြဲလွမ်းနေပါသည်
ရူးသွပ်သွားသူ မင်းရဲ့အပြုံးတွေ နောက်မှာ
နှောင်ကြိုးတွေလား အချစ်စိတ် သိမ်းထား
အမုန်းစိတ်နဲ့လား ဓါးသွားတစ်စင်းလား
နင့်အတ္တများ အမြဲမွေးလို့ထား
ကြောက်လှပါသည်
တကယ်ပြောတာပါ
ဆိုတဲ့သီချင်းကို ခံစားချိန်တိုင်း
ဆိုပြဖူးတဲ့ နှုတ်ခမ်းနီရဲလေး
မျက်ဝန်းအိမ်မှာ စွဲနေမိသူ
ဖျက်မရလို့ပါ မင်းမယုံဘူးလား
ကြင်နာခြင်းများ မင်းကို ပေးမယ်
သိမ်းထားနိုင်မလား
ဆယ်ကျော်သက်အရွယ်မို့
အချစ်ကို အလိုက်မသိ
မင်းလေးတစ်ယောက်ကို ချစ်
ကို့ရင် စွဲငြိ လမိုက်ညအောက်မှာ
ကိုယ်ရဲ့ အဖြစ်ဟာ တိမ်တွေဖုံးတဲ့လ
ကြယ်ရောင်မရှိတဲ့ည မင်းကို လွမ်းရ
မင်းမှတ်မိနိုင်မလား
တွေ့ဆုံခဲ့ရ ကျောင်းတံခါးဝထိပ်မှာ
အမြဲစောင့်နှင့်သူ နင်လေမှတ်မိနိုင်မလား
ငါ့ကို တွေ့တိုင်း ရှောင်လို့ ပုန်းတယ်
ရက်စက်လိုက်တာ တစ်သက်လုံးမင်းကို
ချစ်ရသူပါ
No comments:
Post a Comment