Saturday, June 9, 2012

Blue Night




kk



MP3 လေးက အောက်မှာပါ ..
နာထောင်လို့ ဒေါင်းယူနိုင်ပါကြောင်း...




Lately you have been asking me
if all my words are true
Don't you know I'll do anything for you

Sometimes I haven't been good to you
Sometimes I've made you cry
And I am sorry for everything

but I promise you girl
I promise you this

[Chorus:]
When the blue night is over my face
on the dark side of the world in space
When I'm all alone with the stars above
you are the one I love


So there's no need to worry girl
My heart is sealed for you
And no one's gonna take it away

cos' I promise you girl
I promise you this

[Chorus:]
When the blue night is over my face
on the dark side of the world in space
When I'm all alone with the stars above
you are the one I love

Your voice is calling to me in my dreams
My love is stronger than it's ever been

Thursday, June 7, 2012

ဟိုတယ်မည်သူပိုင်သလဲ

မင်းဂါဇာလား ငါ့ဂါဇာလား
ဒီကွန်စတေးရှင်း လုပ်မိတဲ့ပြာက
ပိုစ့်မော်ဒန်ခေတ်ကြီးကို အပိုင်းပိုင်းအစိတ်စိတ်အမြွှာမြွှာ
ခွဲဖြန့်
ဂွါရာနီကာလိုဂါဇာလား
အသက်ရှူသံတွေက ပုံမှန်ပဲ
ဒါပေမယ့်
နည်းဗျူဟာ အသစ်တွေက
ရောဂါဆန်းတွေလို ဂါဇာကို
ပဉ္စလက်ဆန်နေ
ရွာသူကိုင်တာလားလို့ မေးမရ
ကွင်းပိုင်ကြီးလည်း လက်ပိုက်ကြည့်နေရပုံ
သေသွားတဲ့ လက်နက်တွေကလူဝင်စားပြီး၊
သေသွားတဲ့လူတွေက လက်နက်ဝင်စား
ဒီလိုဒစ်ဂျစ်တယ် အိုင်တီအင်ဖေါ်မေးရှင်းဂလိုဘယ်မှာ
ဘယ်လိုစစ်ဆန့်ကျင်ရေးက ရေပက်မ၀င်တာလဲ
အက်ဆေးဈေးကွက်နဲ့ ၀ိညာဉ်ရောင်းလိုအား
တိုးချဲ့အသစ်ဘုံဘ၀နဲ့
ကြွေတာကိုက ပွင့်ခြင်းနဲ့
ပြဿနာဟာ ဘောလုံးကန်သလိုပဲ
ကမ္ဘာကြီးကို ခြေကြိုခြေကြားထည့်ကန်နေတာပဲ
ဟားမာစ်တွေအနေနဲ့ ဖြစ်ဖြစ်
အစ္စရေးတွေအနေနဲ့ ဖြစ်ဖြစ်
ဟစ်ဘိုလာ ဖြစ်ဖြစ်
အယ်ကေဒါ ဖြစ်ဖြစ်
အာရပ်တွေအနေနဲ့ ဖြစ်ဖြစ်
ပါလက်စတိုင်းတွေအနေနဲ့ ဖြစ်ဖြစ်
ရန်ကိုလည်ဆန့်ပြီးရမ်းလို့မရ
ခြိမ်းခြောက်မှုအသစ်ကို လက်နဲ့ခံရမှာလား
ဂါဇာကမ်းမြောင်မှာ အနာဂတ်တွေယမ်းနံ့စွဲနေတယ်
ချည့်နဲ့နေတဲ့ ရင်ခုန်သံတွေကို သေနတ်ဒင်နဲ့တောင့်ခံထားတယ်
စစ်အစားထိုးကုသရေးအတွက်
ဘယ်လိုကြွေးကြော်သံကို မီးမွှေးဦးချမလဲ
အသေခံဗုံးခွဲပြီး ငြိမ်းချမ်းရေးကိုရယူလို့မရဘူး
အဓိကစိန်ခေါ်မှုတွေက
ရေထဲသွန်ချတဲ့ သဲပါပဲ
ပဋိပက္ခကို ကြိုးကျစ်ပြီး ဒုံးကျည်ထိပ်မှာ သံသယနဲ့ဗိုင်းငင်လည်း
သာနေတဲ့လရောင်က မျက်ရည်ယိုဗုံးထိမှန်
သုည...၀လုံး...ဇီးရိုး...အိုကနေ အိုဘားမားအထိလား
မိုးသက်လေပြင်းကျပြီးတိုင်း
လေပြည်လေညင်းဟာ ရှိစမြဲလို့ဆိုတော့
ခြိမ်းခြောက်မှုတွေရဲ့ ဒီပလိုမေစီဟာ
စိန်ခေါ်မှုတွေကိုပဲ ပြာနဲ့ဖုံးတယ်
တိုက်ပွဲများ
သေဆုံးမှုများနဲ့ ပျက်စီးမှုများပြည့်နှက်နေသော
ဂါဇာဟာ
ဂျူးအတွက်
ပါလက်စတိုင်းအတွက်ဆို
ငြိမ်းချမ်းရေးအတွက်
မဟာဗျူဟာတွေကိုင်တွယ်ပြီး
ချန်ပီယံဖြစ်ဖို့ဆိုတာ
ဘောပွဲမှာ လွယ်ပေမဲ့စစ်ပွဲမှာမလွယ်
ကြွေးကြော်သံတွေဟာ
ညှိမရတဲ့အတွင်းရေးကနေ နောက်ဆုံးအနတ္တကို မရည်ညွှန်းနိုင်လို့မို့လား
ကျည်ဆန်ခွံလည်း ဘုရားပန်းအိုးဖြစ်တာပဲ
လူမိုက်ကြီး အင်္ဂုလိမာလလည်း ရဟန္တာဖြစ်တာပဲ
အဓိကက
အသိတစ်ချက်လင်းပြီး
ငြိမ်းချမ်းရေးအလံလွှင့်ဖို့
ပြီး
ဂျိုးဖြူငှက်လေးပျံသန်းနိုင်ဖို့
ခုတော့
ဟိုတယ်မည်သူပိုင်သလဲလို့ မေးရမယ့်အခြေအနေ
ဂါဇာရေ...
မင်းနာမည်နဲ့ ကမ္ဘာမြေသားတွေအတွက်
ပြီးတော့
မင်းခန္ဓာကိုယ်ပေါ်က ပဋိပက္ခတွေအတွက်
ပြီးတော့
မင်းကိုဒဏ်ရာရစေတဲ့ သေသောသူများအတွက်
အာဃာတတွေ ကင်းဖို့
ဤကမ္ဘာမြေကို လက်နဲ့ထိပြီး
ပရိတ်ကြီး ၁၁ သုတ်ရွတ်ဆိုလိုက်ပါတယ်
ငါတို့နာဂစ်တုန်းက မင်းတို့စာနာခဲ့သလို
မြန်မာပြည်ကဗျာဆရာတစ်ယောက်အနေနဲ့
ငါမင်းကိုစာနာခံစားပြီး ရေးဖွဲ့ခဲ့ပါတယ်
ဟိုတယ်မည်သူပိုင်သလဲ လို့တော့
မမေးပါနဲ့တော့ကွယ်။    ။


             တိုးနှောင်မိုး

မင်းမရှိတဲ့ နောက်ပိုင်းနှစ်

ရေလည်း သောက်မကောင်းဘူး
အစားအသောက်တွေလည်း မဆင်မပြေဘူး
ပေါင်းသင်းခဲ့သမျှ လူတွေကလည်း စိတ်ညစ်ဖွယ်ရာ
ရှင်သန်မှုကို လိမ်ညှစ် ခံရတာ မီးထွက်မတတ်

ပြောင်းသောက်စရာ မရှိတော့လို့သာ
ဝီစီကီ သောက်ရတာလည်း အရသာမရှိ
ဒီလိုနဲ့ ကျေနပ် နှစ်သိမ့်နေရသလို
ဘ၀များ ပျက်ချင်ရင်
သောက်နေတဲ့ အရက် ချိုလာတယ်တဲ့
ဒဿနတွေ
လူတတ်ယောင်ကားတွေ သုသာန်ပန်းတွေ
မမီမကမ်း အတုတွေ လူမှုရေး အတ္တရှေ့ဆောင် အဖွဲ့အစည်းတွေ
ခေတ်ရဲ့ တပ်ဆင်မှု ပေတံတွေ
လွဲနေတဲ့ အကြောလွဲမှုတွေ
ကျိုင်းကောင်အုပ်ကြီး ဖြတ်ပြေးသလို
ငါလည်း သေမယ့်နေ့ကို စောင့်နေတယ် ဥာဏ်လင်းမင်း။

အခု လောလောဆယ်တော့
ချေဂွေဗားရား မိတ္တူတွေ ထွက်လာတယ်
ဟိုဆေးရီဇော် ဆေးခန်းတွေ မှိုလိုပေါက်လာတယ်
ဒေါက်တာ နိုက်တင်ဂေး စာကြည့်တိုက်တွေ လက်မှတ်တုနဲ့ ရှိလာတယ်
ဂျူလီယက် ဖူးချစ်ကြိုးစင်ပေါ်က မှတ်တမ်းများ
မိတ္တူ ပြန်ရိုက်ထုတ်နေတယ်
ပြန်ရိုက်လို့ မရတဲ့ အမှန်တရားက နန်းဗောဗီးလား
မဟူရာ မေတ္တာလား ဂေါ်ဂီအမေလား
ကွီလား သံမဏိကြက်ခြေလား
ဗားတော့ဗရက်ကဗျာစုလား
လစ္စဘွန်းက တစ်ညလို ငါ့နွေတစ်ည ညည့်နက်ထဲက ဆိုင်ကယ်သံများ
ဘယ်တော့မှ ပြန်မရောက်တဲ့ မသိန်းရှင် နေ့စွဲများ
အမေ ကျွန်တော်တို့မှာ ညီအစ်ကိုများစွာ ရှိတယ်ဆိုတဲ့
မင်းကြိုက်တဲ့ ကိုခင်ဝမ်းသီချင်းလို
မင်းကို သတိရမိမှာစိုးလို့
ရေဒီယိုတောင် ဖွင့်နားမထောင်ဖြစ်ခဲ့ဘူး။

နွံထဲမှာ ဘ၀ကို ကျွံသူတွေ
သစ်သားထဲက အဆီစုပ်သလို စုတ်ပြီး
အနုပညာကို မျှော့လိုတွယ်နေတဲ့ မှိုလိုခံစားမှုနဲ့
လူမမာကို ကဗျာတွေပြာလို လွင့်နေတယ်
အိပ်နေတဲ့ ခွေးကို တုတ်နဲ့ထိုးသလိုပဲ။

အခုနောက်ပိုင်းမှာ
အိုဘားမား အာဏာရပြီးတဲ့နောက်မှာ
ငြိမ်းချမ်းရေးနိုဗယ်ဆုရတာလည်း အိုဘားမားပဲ
ငါသေရင်တောင်
မင်းကို သင်္ဂြိုဟ်ခဲ့တဲ့ ကတက်ကုန်းကို
ရောက်မှာမဟုတ်တော့ဘူး
အနိစ္စကိုယ်တိုင်တောင် မမြဲတော့
မြဲနေတာတွေကြည့်ပြီး မင်းကို သတိရတယ် ဉာဏ်ကြီး။

အမေရိကန် ရုပ်ရှင် ဒါရိုက်တာ လူဝီမိုးလ်စတုန်း ပြောသလို
သူမလုပ်ချင်တဲ့ အလုပ်ကို
လုပ်ချင်တဲ့ အလုပ်ထက် ပိုလုပ်နေရတယ်တဲ့
ငါလည်း သွေဖည်မှုတွေနဲ့ နေသား ကျနေပြီ
အပြောင်းအရွှေ့ မတည်ငြိမ်တဲ့ ခေတ်မှာ
ဒါနဲ့ပဲ အသက် ၃၅ နှစ် ပြည့်ခဲ့ပေါ့။

စစ်နဲ့ငြိမ်းတာ လက်ပိုက်ကြည့်ပြီး
ငါ့အိမ်ရှေ့က ဒန်းကြီးပင် ရနံ့တွေ
တစ်လမ်းလုံး လန်းစေချင်သလို
အိမ်ရှေ့ သပြေပင်က သပြေညွန့်တွေလည်း
ရွှေလိုနူးညံ့စေချင်တယ်
ဘုတ်ရေကငင် ၀င်ရေကတွန်း
လှိုင်းထက်မှာ ရေကစားခံရတဲ့ ငါတို့
အခုထိနိုင်ငံခြားသွား အလုပ်မလုပ်ရဲတာလည်း အားရစရာ
အခုထိ မကြီးပွားသေးတာလည်း အားရစရာ
လူပျိုလူလွတ် စိတ်ကူးတွေနဲ့
လွယ်လွယ်နေတာလည်း အားရစရာ
ပျင်းဖို့ကောင်းလာတော့ မာဒီနီလေးမျိုချင်
ချိဗက်စ်လေးသောက်ချင်
ဦးချိုရှိသော သတ္တ၀ါ ဦးချို အားကိုးသည်ဆို သကဲ့သို့
EPL  ပွဲတွေကြည့်လိုက်
ချန်ပီယံလိဂ် ပွဲတွေကြည့်လိုက်
MNL ပွဲတွေကြည့်လိုက်
ပြက်လုံး ထုတ်စရာ မလိုဘူး
လေးဖြူ၊ အငဲ၊ မျိုးကြီးရဲ့
LNM ကို နားထောင်ပြီး
ဒီဘက်ခေတ်တွေကို ဘီယွန်းဆေးနဲ့ငြိမ့်
ဗနက်ဆာမေးနဲ့ခံစား
သောကကင်းဝေးနေထိုင်ရေး
ငါမဖတ်မိတဲ့ တန်ဖိုးပေါ့။

ငါးစိမ်းတန်းဖြတ်ပြီး ငါးညှီနံ့ကို
ဟင်းခတ်အမွှေးအကြိုင်နဲ့ ဖြည့်ပြီး
ရင်ခုန်အရသာ ခံမိသလို
ဒီနှစ် နှင်းတွေတော်တော်ကျတယ်
ဒါပေမယ့် မအေးဘူး
နံပြားဖိုထဲ ဂျုံမရှိရင်
နံပြားဖိုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး
တစ်ခါမှ မငတ်ဘူးတဲ့ အချစ်အတွက်
နွေဦးသစ်ရွက်ကြွေသလို တွေးတောပြီး
ဒီကဗျာကို ခင်မင်မှု ငတ်ကြီးကျပြီး ရေးခဲ့
ဒါသေချာတယ်
မင်းလည်းကဗျာဆရာ ငါလည်းကဗျာဆရာ
မင်းမရှိတဲ့ နောက်ပိုင်းနှစ်မှာရတဲ့ ကဗျာ
ဒါ... ကဗျာပဲ သူငယ်ချင်း။     ။


                  တိုးနှောင်မိုး
                  (Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)

ဒိထက်ပိုဝေးလည်း ဒိထက်ပိုမဝေးတော့ပါဘူး။

မျက်မြင်သက်သေ မရှိတဲ့အတွက်
ပင်လယ်က
လှိုင်းကို ငြိမ်းလိုက်ပြီ။

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။

ဆူးပြွန်း အတွေးတွေ
ဆွေးမြေ့မှုကိုသာ ဆန့်ထုတ်လို့
ငါကိုယ်တိုင်လည်း
ငါ့အသံထဲ
လွမ်းလွင့်မျောပါချိန်ပေါ့

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။

မိုင်ထောင်သောင်း ဝေးလံ အရပ်က
ရေနံတွင်း၊ ရွှေနဲ့ စိန်ထွက်ရာ မြေကြီးတွေ…
ငါ့သီချင်းကို စုတ်ယူကြ

အဲဒိရနံ့တွေ
လှိုင်းလိုတလိပ်လိပ်တက်လာ…။

အဲဒိရနံ့တွေ
ငါ…. ရိုက်ခွဲ ပစ်လိုက်တယ်။
ဒိထက်ပိုဝေးလည်း ဒိထက်ပိုမဝေးတော့ပါဘူး
နှင်းဆီကို ချစ်တတ်အောင် သင်ကြားဖို့
စောင်းတွေက
ဆူးကို ကြိုးညှိပေးခဲ့ရတာပေါ့
တစ်ညနေခင်းလုံး
ငါ့ဆီ မှိုင်ငေးနေတဲ့ တိမ်တွေ
အလွမ်းက ကျွတ်လွတ်ဖို့
မြူဆွယ်အား ကောင်းကောင်း
ကံတရား လှပတာ လိုချင်ရဲ့။

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။

ကိုယ့်အရိပ်တောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့ လောင်ကျွမ်းနေသူ
ဆောင်းလေ
ငါ့….ကို…ရှာ…ဆဲ။           ။


                            မောင်သိန်းဇော်