Sunday, April 29, 2012

ရိုးရှင်းသော ဘဝ .. မျိုးကြီး

မျိုးကြီး ဆိုခဲ့တဲ့ လိုင်းပေါ်မှာ လူကြိုက်များနေတဲ့ သီချင်းလေးပါ
ရိုးရှင်းသောဘဝ လို့ အမည်ရတဲ့ သီချင်းလေးပါ ..မောင်မောင်ဇော်လတ်ရေးခဲ့တာပါ..
Key  G နဲ့ round စတိုင်လေး ရိုက်သွားတာပါ
G Bm C D ဒီလောက်ပါပဲ....






 သီချင်းစာသားလေးတွေ ရေးပေးလိုက်ပါတယ်။။။

ရိုးရှင်းသော ဘဝ  


           မောင်မောင်ဇော်လတ်

တခါတလေမှာ တစ်ယောက်တည်းနဲ့
တနေကုန် စုန်ချည်ဆန်ချည် အလုပ်ကြားထဲ
ငါလေ ရှေ့ဆက်ရမယ့် မနက်ဖြန် အားအပြည့်ရချင်တယ်

နေရောင်ခြည် မဟုတ်ဘဲနဲ့
ကြယ်စင်လောက်တော့ ငါရဲ့ လက်တစ်ကမ်းအတွက်
ကိုယ်တတ်စွမ်းသလောက် အလင်းရောင် အနွေးဓါတ်ပေးခဲ့တယ်

ရွှေ ငွေ နဲ့ ဂုဏ်သိမ်ဒြပ်တို့ မရှိလည်း နေနိုင်ပါတယ် တစ်သက်လုံး
အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံးနေဖို့
နာရီစက္ကန့်များ က ရှားပါးလွန်းတယ်
ကိုယ်ဘဝကို စိတ်ကြိုက်နေလိုက်
ရိုးစင်းလွန်းတဲ့ ဘယက အကောင်းဆုံးမို့...

No comments:

Post a Comment