Thursday, May 10, 2012

လမ်းပြပါ .. ချစ်စမ်းမောင်

MYC နှစ်ပတ်လည် မွေးနေ့ မှာ ဆိုခဲ့တဲ့ သီချင်းလေးပါ.. ဆလိုင်းသွအောင် က ချီးမွမ်းရေးသားထားပေးပါတယ်.. ကိုယ်တိုင်တီး ထားတဲ့ အတွက် ဗီဒီယိုလေးကို 
တင်ပေးလိုက်ပါတယ်...အဆင်သင့်ရှိတော့ စာသားလေးတွေလည်း ရေးပေးလိုက်ပါတယ်..
ကျနော်ရဲ့ ခရစ်ယန် အပေါင်းအသင်းတွေ အတွက် ရည်ရွယ်ပါတယ်....



 


MP3 လေးကတော့ အောက်မှာပါ..အားလုံး အဆင်ပြေမယ်လို့ ယုံကြည်ရင်း....


 


  လမ်းပြပါ


လူတိုင်းအဖို့ အသက်စွန့်ရှာသူအကြောင်း
အကျွန်ုဟောပြောသောအခါ
ခိုင်မာသောနှလုံး ထက်တဲ့ အတွေးအခေါ်တွေ
သူတို့မှာ ရှိတတ်ကြတယ်

ဆင်ခြင်ဥာဏ် အတတ်သိပ္ပံတွေဟာ
ကိုယ်တော်ဘုရားမှ မနှစ်သက်ပေ
မှန်ရာလမ်းမှ လွဲရမယ့်အဖြစ်ကို သူတို့ နားမလည်ကြဘူးလေ


အို အဖ
ဘုရားသခင်
ထိုသူတို့အား လမ်းပြပါ
မရေရာသောအတွေး
အချည်းနှီးသော အကျင့်တွေ ဘယ်အတွက်ကြောင့် မက်မောနေ
နှိမ့်ချသော မေတ္တာကို ထိုသူတို့ မသိမှတ်သောအခါ
အကျွန်ုပ်၏ သနား၍ အံ့သြခြင်း
နှမြော၍ ဝမ်းနည်းခြင်း ကိုယ်တော်ကတော့ သိမှာပါ



God Bless You

No comments:

Post a Comment