Saturday, May 12, 2012

နာခံမှုရလာဒ်

ဒီသီချင်းလေးကို စောဝင်းလွင် က ရေးပေးခဲ့ပြီး စံပီး ဆိုထားတာပါ..
အေးအေးလေးနဲ့ သံစဉ်လေးတော်တော်ကောင်းပါတယ်






 နာခံမှု ရလာဒ်

ကမ္ဘာဦးနေ့ရက်မှ ယနေ့ထိတိုင်အောင်
ပိုင်သ အုပ်စိုး လမ်းပြနေသူ
ရွှေပြည်သို့ လမ်းပြပို့ဆောင်
ကောင်းချီးပေးနေဆဲ
ကျေးဇူးချီးမွမ်း ယေရှုဘုရား၏ မေတ္တာဂုဏ်ကျေးဇူးကိုသာ


ထာဝရ သစ္စာထားကာ ဖြောင့်မတ်ကတိတော်တည်
ကိုယ်တော်လမ်းပြသွားစေခါနန်
ရန်သူတို့ဘေးမှ လွတ်မြောက်ခြင်း စစ်နိုင်ခြင်း
ဤသို့မစ ကယ်တင်လွတ်မြောက်ခြင်းများပေးကာ
လွန်မြောက်ခဲ့စေတာ


လူကို ကိုးစားခြင်းထက်
ဘုရားသခင်ကို အားကိုးခြင်း
ငြိမ်သက်ခြင်းနှင့် အသက်ရှင်လမ်းအား ပြလိမ့်မည်
ထို့ကြောင့် ပေးဆောင်ပေးသူ ထံပါးမှာ
စိုးရိမ်ခြင်းများပေးအပ်ခဲ့ရင်
အောင်မြင်ခြင်း လမ်းဆုံးပန်းတိုင်
လျှောက်လှမ်းကြနိုင်မည်

မြေပေါ်သို့ မိုးများသွန်းကာ ပျက်ဆီးကြသော်လည်း
နာခံခြင်း ကင်းမဲ့သည်ကြောင့်သာ
ယုံကြည်ခြင်း သင်္ဘောထဲ၌ လွတ်မြောက်ခဲ့သူများ
ရေလွှမ်းမိုးခြင်း ကာလဆိုးတစ်ခု၏
ဘေးဒဏ်လွန်မြောက်ခဲ့စေတာ

No comments:

Post a Comment