အလံစိမ်း
ကုက္ကိုပင် ညောင်ညို အရိပ်အောက်
လမ်းခွဲများမရှိတဲ့ တစ်ခုတည်းသော ဘူတာရုံမှာ
မချိပြုံးလေးများနဲ့ နုတ်ဆက်နေစဉ်
အချိန်တွေ အကုန်မြန်လွန်းတယ်
မကြာခင်မှာ ရထားလေးလည်း လိုရာကို ……..
ရထားထွက်ရန် ခရာသံ ပေးနေ
ရှေ့  ဆက်တိုးတော့မယ် ဒီရထားလေး ဘယ်ဘူတာမှာ
အလံစိမ်းလေးက ပြလို့နေ………..
တရွေ့ ရွေ့ ပါသွားပြီ အလံစိမ်းလေး
ငါ့အသည်းလေး ဟိုးအဝေးရပ် ဆီပါသွားပြီ……
ရည်မှန်းချက် ရှိထားခဲ့လို့
ကိုယ်မတားဘူး လိုရာ ခရီးသို့ ရောက်ခဲ့ ပါရင် ….
စာလွှာာလေးများ မှန်မှန်ရေး ..
အတူတူထားခဲ့ ကတိလေးတွေ
အနေဝေးလို့ အနည်ထိုင် သွားလို့
မေ့များ မေ့သွားမှာကိုဆိုး
အကြောက်ဆုံးဘဲ အထီးကျန်နေ့ရက်
ကုန်ဆုံးဖို့ ဆုမွန်တောင်းဆဲ
မကြာခင်မှာ ဌာနေဟောင်း ကို ပြန်ခဲ့ကွယ်
No comments:
Post a Comment