Friday, June 1, 2012

ကမ်းခြေ

လူတွေ ပျားပန်းခတ်အသက်ဝင်နေပေမယ့်
သူ့ကိုယ်ပိုင် အသက်ရှင်ချိန်က ရှားတယ်…
တိမ်မျှင်တစ်ခုလို ခပ်ပါးပါးခပ်နွဲ့နွဲ့။
မနက်မှာ… အာရုဏ်အလင်း
ညအခါ… လေပြေညှင်း
သဘာဝရဲ့ ပြတင်းတံခါးတွေကတဆင့်
အပေါင်းအသင်းဆံဆံ ဆင်ဆံရေးရှိသော်လည်း
(တကယ့်တကယ်ကျ…)
ကျွန်တော့်လိုပဲ…
နာကျင်အချိန်ပိုတွေကများတယ်။    ။



        ကေအေတီ
       နိုဝင်ဘာ၊ Beauty မဂ္ဂဇင်း၊ ၀၈

4 comments: