လူငယ်နဲ့နိုင်ငံရေး ဘာမှ မဆိုင်ဘူးလို့ မိတ်ဆွေ မပြောပါနဲ့..ဗိုလ်ချုပ်က ပြောဖူးခဲ့တာပဲလေ..
နိုင်ငံရေးဆို စားဝတ်နေရေး....လို့။ လက်ရှိတည်ဆောက်နေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို ချီတက်နေကြတာ
အဲဒီလူငယ်လေးတွေက အဓိကပါပဲ...ဒီမိုကရေစီ လို့ အော်နေကြပေမယ့် ဒီလူငယ်လေးတွေက ဒီမိုကရေစီ တန်ဖိုးကို နားလည်ခံစားတတ်ဖို့လိုတယ်..တက်လာတဲ့ အစိုးရပိုင်းက ဘာဘဲဖြစ်ဖြစ် ကျနော်တို့ လူငယ်တွေက
ဒီမိုကရေစီ ဆန်စွာတန်ဖိုးထား မခံစားတတ်ရင် အစိုးရပိုင်းလည်း ထင်သလောက် အလုပ် မလုပ်နိုင်ဘူး ဆိုတာ
အားလုံးကို သိစေချင်တယ်လေ.
၁၉၈၈ မတိုင်ခင် အစောပိုင်းကတည်းက လူကြီးပိုင်းတော်တော်များများက ဒီမိုကရေစီကို ခံစားလို့
သေချာသိနေကြပါပြီ..
အကြောင်းကြောင်းတွေကြောင့် ဘယ်လိုမှ ပုံဖော်မရနိုင်ခဲ့တာတွေပါ..
ကိုမောင်မောင်(အဉ္ဇလီိ) က ၁၉၈၈ မတိုင်ခင်က သီချင်းလေးတစ်ပုဒ်ရေးပေးခဲ့ပါတယ်..
ကိုမွန်းအောင် အတွက် ..လွမ်းရတဲ့ ညတွေ လွန်ပါစေ အခွေထဲမှာ...
လူငယ်တွေ ထားသင့်တဲ့ စိတ်ထားလေးတွေကို သူတို့ တတ်ကျွမ်းတဲ့ ပုံစံတွေနဲ့ လမ်းညွှန်ခဲ့ကြတာပဲလေ..
အားလုံးခံစားလို့ နိုင်ငံချစ်စိတ်နဲ့ ဒီမိုကရေစီ ဆန်စွာဘဝကို ဖြတ်သန်းလို့ မျိုးဆက်သစ်တွေအတွက် သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်း ပုံဖော်ကြပါစို့......။
တာဝန်ကိုယ်စီ ထမ်းရွက်ရမယ် အမိအဖ မြေအတွက်ဆို
အသက်စွန့်လှူ ယုံကြည်စိတ်ထား
နေသာမယ်ဆို နောက်ဆုတ်လက်ရှောင်
ကြည့်တတ်ရင် ခံယူချက်အမှား
ငြိမ်းချမ်းတဲ့ စိမ်းလန်းတဲ့ပြည်
တို့ရဲ့ မြေအနေအထား
တိုးတက်ဖို့ရယ် ကြိုးစားရမယ်
စွဲသိရင်မှာထား..
ရောင်ခြည်အသွယ်သွယ် လမ်းပြဖွင့်ဆောင်
ရှေ့နောက်လိုက်ညှိကာ
စည်းနဲ့အညီ လူငယ်အင့်အား
ဒီမြေမှာနေ မွေးဖွားကြီးလာ တို့ရဲ့ အမွေအနှစ်ကို လက်ဆင့်ယူ
တူညီစိတ်ထား..
စီးဆင်းတဲ့ရေ ရှေ့သို့ အားမာန် လှမ်း၍ချီကာသွား
အတားအဆီး ကျောက်ဆောင် ချိုင့်ခွက်ဖြတ်ကျော်
ခရီးမဆုံး အတူမရပ်နား.
No comments:
Post a Comment