Sunday, May 13, 2012

တောင်ထိပ်ပေါ်၌ တည်သောမြို့









 တောင်ထိပ်ပေါ်၌ တည်သောမြို့
                           စောဝင်းလွင်
 
ကျွန်ုပ် ခန္ဓာတွင်းရှိ ဝိညာဉ်
ကိုယ်တော်အား ခိုလှုံကိုးစား
ထို့ကြောင့် ကိုယ်တော်ရှင်၏ ရွှေလက်တော်
ကျွန်ုပ်ကို ကူညီ မ စ
မေတ္တာရှင် အကျွန်ုပ် အသက်တာလမ်းမှာ
အစဉ်လမ်းပြ လင်းစေပါ
မှောင်မိုက်သည် ဆီးတား၍ နှောက်ယှက်တားဆီးလည်း
ကိုယ်တော်သည် ကျွန်ုပ်အလင်း
ယုံကြည်ပါ၏
တောင်ထိပ်၌ ရှိသော မြို့ရိုးကဲ့သို့
ခွန်အားများ ကိုယ်တော်ပေးပါ

ယုံကြည်ခြင်းများ လွဲစေရန်
စုံစမ်းခြင်းများနှင့် နှောက်ယှက်ခြင်း
မျှော်လင့်ချက်များစွာ ကွယ်ပျောက်လည်း
ဝမ်းမြောက်ဖို့ရန် ကိုယ်တော်မစ လမ်းပြဆဲ

No comments:

Post a Comment