မူရင်းဆောင်းပါးရှင် မောင်မင်း ၊ လမ်းသစ်ဂျာနယ် ၊မလေးရှား
လူတိုင်းဟာ ကိုယ့်နိုင်ငံ တိုးတက်တာကြီးပွားတိုးတက်တာကို မြင်ချင်ကြပါတယ်။
ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ ပါးစပ်ဖျားကနေ ပြောရုံနဲ့ မပြီးပါဘူး။
မဆုံးနိုင်တဲ့ သံသရာတွေထဲမှာ ပညာသင်ချင်ဆိုတာလည်း ပါဝင်ပါတယ်..။ဒီနေရာမှာ
ကျနော်ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစ မရှိတဲ့ သဘောကို မဟုတ်ပါဘူး..။
ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့မရှိဘဲ လေ့လာဆည်းပူးသလောက်
ဆက်လက်တိုးတက်
နေမယ့်သဘောရှိပါတယ်..။
နေမယ့်သဘောရှိပါတယ်..။
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့တတွေ သံသရာလည်နေတဲ့အဖြစ်
အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။ အဲဒီသံသရာက ဘာလဲဆိုတော့
နိုင်ငံရပ်ခြားမှာ ပညာသင်ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ..။ ဘဝဖြစ်တည်တဲ့ သံသရာက
အဆုံးအစ မထင်ဘူလို့ ဆိုကြပေမယ့် အခု သံသရာကတော့ အစ ရှိပါတယ်..။
ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်းတရားကြီးလက်ထက် ကနောင်မင်းသား
အိမ်ရှေ့စံဖြစ်ကတည်းကလို့ ဆိုရမှာပါ..။ အင်္ဂလိပ် မြန်မာ ပထမစစ်နဲ့
ဒုတိယစစ်ပွဲတွေအပြီးမှာ မြန်မာတွေ အရေးနိမ့်ရတဲ့အဖြစ်ကို
ကောင်းစွာသုံးသပ်မိတဲ့ ကနောင်မင်းသားကြီးဟာ မြန်မာနိုင်ငံတော်ကို
စက်မှုနိုင်ငံတော်အဖြစ် ထူထောင်ဖို့အတွက် စတင်ကြိုးပမ်းခဲ့တယ်လို့
မှတ်သားရပါတယ်..
ဒီအခါမှာ လိုအပ်တဲ့ လူသားအရင်းအမြစ်တွေရဖို့အတွက် ဥရောပနိုင်ငံတွေမှာ
စက်မှု လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို
စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်..။
အဲဒီက
စတာပါပဲ..။ ယနေ့ပြောပြောနေတဲ့ brain drain တို့ Brain Gain တို့က
အဲဒီအချိန်ကတည်းက စဖြစ်ခဲ့တာပေါ့..။ ဘာလို့လဲဆိုတော့
ပညာတော်သင်လွှတ်လိုက်တဲ့အထဲမှာ တချို့လည်း ပြည်တော်ပြန်ရောက်သူ ရှိရဲ့ ၊
တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သားကျပြီး မပြန်ဖြစ်တော့ဘဲ
အဲဒီနိုင်ငံများမှာပဲ အခြေချခဲ့ကြတာပေါ့...။ဒီနေရာမှာ
ဥိးနှောက်ယိုစီးမှုအကြောင်းကို ကျနော် မဆွေးနွေးပါဘူး..။ဒီအကြောင်းကိုလည်း
တော်တော်များများက ဆွေးနွေးပြီးပါပြီ..။
ကျွန်တော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ
ကြာပြီပေါ့..။အခုအချိန်ထိ အဆုံးမသတ်နိုင်သေးပါဘူး..။ ကျွန်တော်တို့
ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်..။ကျွန်တော်တို့ အဖေ အမေ တွေ လက်ထက်ကလည်း
ထွက်ရတယ်..။ ကျွန်တော်တို့လက်ထက်လည်း ထွက်ရတယ်..။ဟော ကျွန်တော်တို့
သားမြေးတွေ လက်ထက်မှာရော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာတွေ
သွားသင်နေရဦးမှာလား..။မျိုးဆက်တွေလည်း များခဲ့ပြီ.။ဒီသံသရာက
မဆုံးနိုင်သေးပါဘူး..။ ကိုယ်မြေ ကိုယ့်ရေ မှာပဲ အဆင်မြင့်ပညာတွေ
သင်ကြားလို့ မရလို့လား..။ မသင်ကြားပေးနိုင်လို့လား..။ပညာသင်ပြီး ပြန်လာတဲ့
သူတွေက မိမိတို့သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက်
လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား..။ဒါမှ မဟုတ်အဲဒီလူတွေကပဲ
ညံ့နေလို့လား..။
နောက်တစ်ချက် နိုင်ငံခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ပညာတွေက အသုံးမဝင်လို့လား..။
ခေတ်မမှီတော့လို့လား..။
အခု ခေတ်ပေါ်ပညာရပ်တွေ၊နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ
အိမ်မကွာနဲ့ မသင်ကြားနိုင်ဘူးလား..။ အဲဒီ အခွင့်အရေးတွေ နောက် မျိုးဆက်တွေ
ဘယ်တော့ရမှာလဲ..။ကျွန်တော်တို့ဆီမှာ အရင့် အရင် နိုင်ငံရပ်ခြားမှာ
ပညာဆည်းကြတဲ့ လူတွေ ရှိရက်နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတစ်ပါးကို
ထွက်နေကြရသေးတာလဲ..။ ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်းနေနိုင်အောင်
ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား..။ တကယ်ဆို
သူများနိုင်ငံတွေလည်း ဒီလိုပဲ နိုင်ငံရပ်ခြားမှာ
ပညာသင်ကြားနေတဲ့သူတွေအများကြီးရှိတာပါပဲ..။ ဥပမာ - တရုတ်နိုင်ငံလိုပေါ့..။
သူတို့တွေကျတော့ အခုချိန်မှာ အောင်မြင်နေကြပြီလေ..။ ကဏ္ဍစုံမှာ
တိုးတက်နေကြပြီ။ ကျွန်တော်တို့ ဆီမှာတော့ ဘယ်လိုဖြစ်လို့ပါလိမ့်..။
မေးခွန်းတွေ အများကြီးပဲ ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့
ရှိရမှာပါ..။
ဘယ်ပညာရပ် နယ်ပယ်ကိုပဲကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာကောင်းတဲ့
ပညာရပ်နယ်ပယ်ဆိုတာ မရှိပါဘူး.။ အမြဲတမ်းနောက်ကျနေတာချည့်ပါပဲ..။
လူ့စွမ်းအား အရင်းအမြစ်မရှိရ
တာနဲ့ နည်းပညာ နိမ့်ကျနေရတာနဲ့၊ စသဖြင့် မရှိတာတွေချည့်ပဲ လုံးလည်ချာလည် လိုက်နေလို့ ကြားရတာ
ရိုးတောင် ရိုးအီလွန်းလှပါပြီ..။မယ်မယ်ရရ တို့မြန်မာပြည်က ထွင်လိုက်တာလို့ တခုတ်တရ ပြောစရာလည်း
ဘာမှ မရှိပါဘူး..။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျွန်တော်တို့အဖို့ မြန်မာ လူမျိုး သိပ္ပံရှင်ဆိုတဲ့ ဝေါဟာရကို
တောင် မကြားဖူးပါဘူး..။ အဲဒီစကားလုံးပိုင်ရှင်တွေ ဘယ်တော့ပေါ်လာမလဲဆိုတာ မသိဘူး..။ဒါတွေရဲ့ မူရင်း
လက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေဖို့လည်း ဒီသံသရာက ဆုံးမှာမဟုတ်ဘူး..။ အရာရာ ကို မကောင်း
မြင်တဲ့ စိတ်နဲ့ ကြည့်နေလို့လည်း လက်ရှိအခြေအနေတွေက ပိုကောင်းမလာပါဘူး..။
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတဲ့ အတိုင်း တကယ်ကိုစေတနာပါပါနဲ့ အားလုံးက တက်ညီလက်ညီ လုပ်ကြပါမှ တိုးတက်မှာပါ ။ ဟိုလူ လုပ်နိုး ဒီလူလုပ်နိုး မျှော်ကိုးလို့လည်း မဖြစ်ပါဘူး.။
ဒီတော့ ကျွန်တော်တို့တတွေကပဲ လက်ရှိအချိန်ကစပြီးတော့ မိမိတို့ တတ်နိုင်သမျှကြိုးစားရပါမယ်.။ မိဝေး
ဖဝေးနဲ့ တိုင်းတစ်ပါးမှာ အချိန်ကုန် ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာတွေနဲ့ မိမိတို့ နိုင်ငံနဲ့ လူမျိုး အ
တွက် ၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေအတွက် အစွမ်းကုန်လုပ်ပေးကြရပါမယ်....။
နိုင်ငံတိုးတက်ဖို့အတွက် မျိုးဆက်နှစ်ဆက် သုံးဆက်ရင်းရင် ရ ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန် သီအို
ရီလိုလို စကားတစ်ခု ကြားဖူးပါသေးတယ်..။ စကားအဖြစ်ပဲ ရှိတာပါ.။ ဘယ်သူမှ မရင်းကြပါဘူး...။ ဘယ်သူမှ
လည်း မလုပ်ခဲ့ကြပါဘူး..။ အားလုံးက ပိုနေမြဲ ကျားနေမြဲ နေသာသလို ရေသာလိုက်ပြီး နေခဲ့ကြတာပါ..။
ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျွန်တော်တို့နိုင်ငံက ဒီလို အဖြစ်မျိုး ရောက်နေ
တာပါ..။ ဘယ်မှာလဲ ကျွန်တော်တို့ဆီက နိုင်ငံသကာ အဆင့်တန်းမှီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်
မှာလဲ အဆင့်မြင့်နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့သူတွေ ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့
လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ်ခန်းတွေ၊ ထောက်ပံ့မှုတွေ၊ အရေအတွက်ထက် အရည်အ
ချင်းကို ပိုမို ဦးစားပေးရပါ့မယ်...။ လက်တွေ့နဲ့ ကင်းကွာတဲ့ ကိန်းဂဏန်းတွေကို ကြည့်ပြီး ပီတိဖြစ်နေလို့
လည်း မရတော့ပါဘူး..။ ယနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတစ်ပါးမှာပဲ သွားလို့ သင်ယူနိုင်
တာပါ..။ သင်ယူပြီးပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမရနိုင်တော့ အလဟဿ
ပဲပေါ့..။ ဒီလိုနဲ့ပဲ ဒီပညာသင်ထွက်ခြင်းသံသရာက မဆုံးနိုင်ဖြစ်နေတာပါ..။ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့
မျိုးဆက်တွေကိုလည်း နိုင်ငံတကာ တက္ကသိုလ်တွေကို စာသင်ဖို့ လွှတ်ရဦးမှာပါ..။ ပိုက်ဆံတွေလည်း ကုန်ဦး
မှာပါ...။
ကြည့်ဦးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ ရှိရှိသမျှ ကဏ္ဍတွေ
မှာ အားလုံးဆီက လက်ဖြန့်တောင်းနေရတာပါပဲ..။ သယံဇာတ တွေ ပေါပါတယ်တဲ့။ ကိုယ်တိုင်မထုတ်လုပ်
မတီထွင်နိုင်သရွေ့ကတော့
နည်းပညာလက်ဝေခံ နိုင်ငံအဖြစ်က တက်မှာ မဟုတ်ပါဘူး.။ ဒါကိုကြည့်ရင်
ကျွန်တော်တို့တွေ ညံ့နေသေးတယ်ဆိုတာတွေ့နိုင်ပါတယ်...။
စပါးစိုက်တဲ့နေရာမှာတောင် စပါးအခြောက်ခံ
ချွေလှေ့ဖို့ နည်းပညာမရှိလို့ သူများဆီက ယူရတယ်..။ ငါးမွေးမြူရေး ရေလုပ်ငန်းနဲ့ ပတ်သက်လို့ မနေ့က စစ်
ထဲကရုန်းထလာတဲ့ ဗီယက်နမ်လို နိုင်ငံက အကူအညီပေးရသတဲ့..။ ပြည်တွင်းမှာ ဓါတ်မြေသြဇာ အလုံအ
လောက် မထုတ်လုပ်နိုင်လို့ သဘာဝကပ်ဆိုးတွေ ခဏခဏ ကျရောက်နေတဲ့ ဘင်္ဂလားဒေ့ရ်က တင်သွင်းရ
သတဲ့...။တခြားကဏ္ဍ တွေမှာလည်း ထိုနည်း နှင်နှင်ပါပဲ..။ ဒီလို အသေးအဖွဲတွေမှာတောင် ကိုယ်စွမ်းကိုယ်စ
နဲ့ မလုပ်နိုင်ဘူးဆိုရင် ဂြိုဟ်တု လွှတ်ဖို့ အာကာသ နည်းပညာဆိုတာဝေးရော....။
ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်လုပ်တဲ့
တက္ကသိုလ်က
သပ်သပ်ဆိုပြီး ရှိသတဲ့..။ ကျနော်တို့ဆီက လေးနှစ် ငါးနှစ်
အလွတ်ကျက်ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ
မရှိကြပါဘူး..။ချိတ်ဆက်လုပ်ကိုင်စရာ ပရောဂျက်တွေ လုပ်ငန်းတွေလည်း
မရှိကြပါဘူ..။သက်ဆိုင်ရာ ဘွဲ့တစ်လုံးသားရသွားတယ်..။အဲဒါနဲ့ ပတ်
သက်လို့ ဘာတစ်ခုမှ ဟုတ်တိပတ်တိမသိဘူး..။ ပြီးတော့ အဲဒီ ဘာသာရပ်တွေ ဘယ်နားမှာ သွားအသုံးချ
ရမလဲဆို မသိကြဘူး..။ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ ဘာမှလုပ်စားလို့လည်း မရပါဘူး..။ဘာဖြစ်လို့ပါ
လိမ့်..။ကျွန်တော်တို့ မြန်မာတွေကပဲ ညံ့နေကြလို့လား..။ အသုံးမကျတဲ့ လူမျိုးလား..။အဲလိုမျိုးကျ ကျွန်တော်
တို့ အပြောမခံနိုင်ပါဘူး..။ဒါပေမယ့် ဒါတွေက တကယ်ဖြစ်နေတာပါ..ခေတ်အဆက်ဆက်လည်း ကျွန်တော်
တို့ဆီမှာ
ထူးချွန်တဲ့သူတွေ တော်တဲ့သူတွေ ထက်မြက်တဲ့သူတွေ
ရှိခဲ့တာပါပဲ..။တီထွင်မှုတွေလည်း ရှိခဲ့တာပါပဲ ။ ဒါပေမယ့် ဒီလိုမျိုးကို
အားပေးမယ့် အခွင့်အလမ်းတွေ မရခဲ့လို့သာ တိုးတက်သင့်သလောက်
မတိုးတက်၊ ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းခဲ့တာပါ....။
တကယ်တော့ အခုကျွန်တော်ပြောနေတာတွေကလည်း အားလုံးသိပြီးသားတွေကို ပြောနေတာပါ..
ကျွန်တော်ကတော့
ကျွန်တော်ပုဂ္ဂလိက အမြင်အရ ရှေ့ကလူတွေ ညံ့လို့ ကျွန်တော်တို့ ဒီလို
ဖြစ်နေတာလို့ မြင်တယ်..။အားလုံးဟာ အကြောင်းတရားတွေ ရှိလာလို့
အကျိုးတရားတွေဖြစ်လာတယ်
ဆိုတာကို
လက်ခံပါတယ်..။ကျွန်တော်တို့ ဒီအချိန်မှာ ဆင်းရဲမွဲတေတဲ့နိုင်ငံ၊
မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နိင်ငံရဲ့ နိုင်ငံသားတွေ အဖြစ်
မွေးဖွားလာရတာလည်း ကျွန်တော်တို့ရဲ့ ကုသိုလ်ပဲပေါ့..။အဓိက ကတော့ ရှေ့
ကလုပ်နိုင်ရဲ့သားနဲ့၊ လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ လုပ်မသွားကြတဲ့ လူတွေကြောင့်လို့ ယိုးစွပ်ရင် လွန်မယ် မထင်ပါဘူး...။
No comments:
Post a Comment